Tuesday, August 18, 2009
Sunday, February 1, 2009
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်တွေ့ဆုံ

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် Mr.Ibrahim Agboola Gambari တို့သည် ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့ ငါးထပ်ဆောင်ဧည့်ရိပ်သာ၌ တွေ့ဆုံကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့ ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းနှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဦးဉာဏ်ဝင်းနှင့် ယဉ်ကျေးမှုဝန်ကြီး၏ဌာန ဝန်ကြီး ဗိုလ်ချုပ်ခင်အောင်မြင့်တို့ တက်ရောက်ကြသည်။
ထို့နောက် Mr. Gambari သည် နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်နှင့် လည်းကောင်း၊ နံနက်၁၁နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာကျော်မြင့်နှင့်လည်းကောင်း၊ မွန်းလွဲ ၁ နာရီခွဲတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကောင်မရှင်အဖွဲ့ဝင် ဦးသောင်ညွန့်နှင့် အဖွဲ့ဝင်များနှင့်လည်းကောင်း၊ မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းနှင့် အဖွဲ့ဝင်များနှင့် လည်းကောင်း၊ ညနေ ၄ နာရီ ၁၀ မိနစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံ ယာယီတာဝန်ခံများ၊ တာဝန်ရှိသူများနှင့်လည်းကောင်း စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာ၌ သီးခြားစီ တွေ့ဆုံသည်။
ညပိုင်းတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ပြောရေးဆိုခွင့်အာဏာပိုင် အဖွဲ့ ခေါင်ဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက Mr. Gambari အား မြရိပ်ညိုရွိုင်ရယ် ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

Tuesday, January 27, 2009
ရခိုင်ပြည်နယ်သည် ပြန်ထောင်စုမြန်မာနိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရှေးပဝေသဏီကပင် တိုင်းရင်းသားပေါင်းစုံ ဥမကွဲသိုက်မပျက် စုပေါင်းနေထိုင်လာခဲ့
နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့်အဖွဲ့ဝင်များအားရခိုင်ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုး ရေးကောင်စီဥက္ကဌ၊အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်သောင်းအေး၊စစ်တွေတပ်နယ်မှဗိုလ်မှူးကြီး စိုးလွင်နှင့်ပြည်နယ်၊ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများကစစ်တွေလေဆိပ်တွင်ကြိုဆိုနှုတ်ဆက် ကြသည်။ထို့နောက်ဗိုလ်ချုပ်ကြီးသိန်းစိန်သည်စစ်တွေတပ်နယ်အစည်းအဝေးခန်းမ၌ရခိုင်ပြည်နယ်အ တွင်းရှိပြည်နယ်ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့မိမြို့ဖများ၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ များအားတွေ့ဆုံ၍ဒေသေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်း များကို ဆွေးနွေးမှာကြားသည်။

နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်စစ်တွေတပ်နယ်အစည်းအဝေးခန်းမ၌ရခိုင်ပြည်နယ်အတွင်းရှိပြည်
နယ်၊ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့မိမြို့ဖများ၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များအားဒေသ
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်များကိုဆွေးနွေးမှာကြားခဲ့
သည်။

Thursday, March 13, 2008
အိန္ဒိယတွင် ကြက်ငှက်တုပ်ကွေးရောဂါ ထပ်မံဖြစ်ပွား
အိန္ဒိယနိုင်ငံအရှေ့ပိုင်း၌ ကြက်ငှက်တုပ်ကွေး ထိန်းချုပ်လိုက်နိုင်ပြီဟု အာဏာပိုင်များက ထုတ်ပြန်ကြေညာပြီး တစ်လအကြာတွင် ကြက်ငှက်တုပ်ကွေးထပ်မံဖြစ်ပေါ်လာရာ ကြက်ထောင်ပေါင်းများစွာကို တိရစ္ဆာန်ကုသရေးဝန်ထမ်းများက မတ် ၁၀ရက်တွင် သတ်ဖြတ်ခဲ့ရသည်။ အနောက်ဘင်္ဂလားနယ် ဖူဂျီဒါဘိုင်ဒေသတွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားသည်ဟု သတင်းထုတ်ပြန်ခဲ့ကြောင်း၊ ရက်သတ္တပတ်နှစ်ပတ်ကျော်တွင် ထိုဒေသရှိ ကြက်နှင့်ဘဲ အကောင် ၉၀၀ သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ဇန်န၀ါရီလတွင် ဖူရှီဒါဘတ်ဒ် ဒေသအပါအ၀င် ဒေသ ၁၉ခုအနက် ၁၃ခုတွင် H5N1 ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သည်။ ယင်းဒေသတွင် ကြက်ငှက်ရောင်းချမှုနှုန်းသည် ၇၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။ သို့သော် နိုင်ငံတွင်းရှိ ကျန်ဒေသများ၌လည်း ကြက်ငှက် ရောင်းချမှုကို ပိတ်ပင်ထားသည်။ အိန္ဒိယနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါဆိုးရွားစွာ ဖြစ်ပေါ်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိမ်ခ်ျအို)၏ ထုတ်ပြန်ချက် ပေါ်ထွက်လာပြီးနောက် ယင်းဒေသတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ကြက်ငှက် ၃ ဒသမ ၄သန်း ကျော်ကို သတ်ဖြတ်ခဲ့သည်။ ကြက်ငှက်တုပ်ကွေး လူတို့၌ဖြစ်ပွားမှုကို မတွေ့ရှိပေ။ H5N1 ဗိုင်းရပ်ပိုးသည် လူတစ်ဦးမှတစ်ဦးသို့ လွယ်ကူစွာကူးစက်သွားပါက ကမ္ဘာတစ်ဝန်းတွင် လူသန်းပေါင်များစွာ သေဆုံးနိုင်သည့်အတွက် ကျွမ်းကျင်ပညာရှင်များက စိုးရိမ် ပူပန်လျက်ရှိသည်။ ကြက်ငှက်တုပ်ကွေးရောဂါသည် အခြားဒေသရှိ ကြက်ငှက်များသို့ ကူးစက်ပျံ့နှံ့သွားနိုင်ကြောင်း အိန္ဒိယအရှေ့ပိုင်း တာဝန်ရှိသူများက ပြောကြားသည်။
ပြင်သစ်ကမ်းခြေလေပြင်းတိုက်ကုန်သင်္ဘောကမ်းပေါ်တင်
လေပြင်းတိုက်ခတ်မှုကြောင့် ပြင်သစ်နိုင်ငံ၏ အတ္တလန္တိတ်ကမ်းခြေတွင် ကုန်သင်္ဘောတစ်စင်း ကမ်းတင်သွားပြီး အနောက် မြောက်ပိုင်းတွင် မော်တော်ဘုတ်တစ်စင်း တိမ်းမှောက်သွားကာ လူတစ်ဦးရေနစ်သွားကြောင်း တနင်္လာနေ့တွင် တာဝန်ရှိသူများက ပြောကြားသည်။ အတ္တလန္တိတ်ကမ်းခြေ လက်စ်ဆေးဘယ်လ်ဒီလွန်းနဲ အပန်းဖြေစခန်းတွင် ဒတ်ခ်ျနိုင်ငံ၌ မှတ်ပုံတင်ထားသော အာတီမစ်သင်္ဘောသည် လေပြင်းရိုက်ချက်ကြောင့် သဲသောင်ပြင်ပေါ်သို့ ရောက်ရှိသွားကြောင်း ပြင်သစ်ရေကြောင်း အာဏာပိုင်များက ပြောကြားသည်။ ဘာရက်စ်မြို့အနီးရေလက်ခါဟောင်းဆိပ်ကမ်းငယ်တွင် ကြီးမားသော လှိုင်းလုံးကြီးတစ်လုံး ရိုက်ခတ်မှုကြောင့် မော်တော်ဘုတ်တစ်စင်းမှ လူတစ်ဦးရေနစ်သွားကြောင်း၊ ၄င်း၏အလောင်းကို တနင်္လာနေ့အစောပိုင်းက ဆယ်ယူရရှိခဲ့ကြောင်း အာဏာပိုင်များက ဆက်လက်ပြောကြားသည်။
Wednesday, March 12, 2008
သက်ဆင်နိုင်ငံရေးခိုလှုံခွင့်တောင်းမည်ဆိုသည်မှာမဟုတ်မှန်
ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် နိုင်ငံခြားတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံရန် စီစဉ်နေသည်ဆိုခြင်းသည် မဟုတ်မမှန်ကြောင်း ထိုင်း ဒုတိယ၀န်ကြီးချုပ်နှင့် ပညာရေးဝန်ကြီး ဆွန်ချိုင်းဝေါင်ဆာဝပ်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ လွှတ်တော်အမတ်ဟောင်း ပရာဆောင်ဆွန်ဆီရိက သက်ဆင်သည် မတ် ၁၃ရက်တွင် အင်္ဂလန်နိုင်ငံသို့ ထွက်ခွာရန် တရားရုံးချုပ်မှ ခွင့်ပြုမိန့်တောင်းခံခြင်းအားဖြင့် နိုင်ငံခြားတွင် နိုင်ငံရေးခိုလှုံခွင့်တောင်းခံရန် လမ်းကြောင်းရှာနေသည်ဟု ပြောသည်။ ၄င်း၏ ပြောကြားချက်ကို ဒုဝန်ကြီးချုပ်က တုံ့ပြန်ခြင်းဖြစ်သည်။ သက်ဆင်သည် အဝေးသို့ ထွက်ပြေးရန် အကြောင်းမရှိကြောင်း၊ ၄င်းအား စွပ်စွဲထားသည့် လာဘ်စားသည်ဆိုသော အမှုကို ရင်ဆိုင်ဖြေရှင်းရန် ပြန်လာခြင်းဖြစ်ကြောင်း ဒုတိယ၀န်ကြီးချုပ်က ရှင်းလင်း ပြောကြားသည်။
Subscribe to:
Posts (Atom)