သမ္မတလောင်း ဟီလာရီကလင်တန်
အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီကိုကိုယ်စားပြုမည့် သမ္မတလောင်း နေရာအတွက် နောက်ထပ်အကြိုရွေးကောက်ပွဲများမကျင်းပမီ မဲဆွယ်စည်းရုံးလျက်ရှိရာ တွင်ဟီလာရီ ကလင်တန်က သူ့ပြိုင်ဘက်အိုဘားမားကို ဖေဖော်ဝါရီ၁၅ရက်က ဝေဖန်စိန်ခေါ်လိုက်သည်။
အထက်လွှတ်တော်က အမတ်ဟီလာရီကလင်တန်က သူသည်အမေရိကန်လူလတ်တန်းစားမှ ပေါက်ဖွားလာပြီး လူလတ်တန်းစားမှပေါက်ဖွားပြီး လူလတ်တန်းစားတို့ဘက်မှရပ်တည်ကာကွယ်ပေးမည့်သူဖြစ်
ကြောင်း၊ အပြောသမားသက်သက်မဟုတ်ကြောင်း ထုတ်ဖော်ကြေညာလိုက်သည်။ ထို့ပြင် မဲဆန္ဒရှင်ပြည် သူများအနေဖြင့် အပြောသမားကိုရွေးချယ်မည်လော သို့မဟုတ် တကယ်လက်တွေ့ဘ၀ပြဿနာများကိုင်တွယ် ဖြေရှင်းပေးမည့်သူ ကိုရွေးမည်လော စဉ်းစားကြပါရန် ဟီလာရီကလင်တန်က မေးခွန်းထုတ်လိုက်သည်။
ထိုအချိန်အခါသည် တိုက်ပွဲဝင်မည့်သမ္မတ၊ ပြည်သူ့အကျိုးကို သယ်ပိုးမည့်သမ္မတ၊ အမေရိကန် လူလတ်တန်းစားဘက်မှ ရပ်တည်ကာကွယ်ပေးမည့် သမ္မတတစ်ဦးကို ရွေးချယ်ပေးရမည့် ကာလဖြစ်ကြောင်း ဟီလာရီကလင်တန်က စင်စင်နတီသို့ရောက်ရှိစဉ် ပြောကြားလိုက်သည်။ ဤလ ၁၉ရက်တွင် ၀စ္စကွန်ဆင် ပြည်နယ်နှင့် ဟာဝိုင်ယီအကြိုရွေးကောက်ပွဲများ၊ မတ် ၄ရက်တွင်တက္ကဆက်နှင့် အိုဟိုင်းယိုးပြည်နယ် အကြိုရွေး ကောက်ပွဲများမတိုင်မီ မဲဆွယ်စည်းရုံးစဉ် ဟီလာရီကလင်တန်က လူလတ်တန်းစားနှင့် ၀င်ငွေနည်းသူများဘက် မှရပ်တည်ပြောကြားသည်။
လက်ရှိဝင်ငွေခွန် မမျှတပုံကို၎င်းကထောက်ပြရာ၌ တစ်နှစ်ဝင်ငွေဒေါ်လာသန်း ၅၀ရရှိသည့် ဝေါစထရိမန်နေဂျာတစ်ဦးအပေါ် ကောက်ခံသည့်အခွန်မှာ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၅၀၀၀၀သာရရှိသော ကျောင်းဆရာ၊ သူနာပြုနှင့် ထရပ်ကားယာဉ်မောင်းတို့ပေးဆောင်ရသည့် အခွန်ငွေထက်နည်းနေခြင်းမှာ တစ်စုံ တစ်ရာမှားယွင်းနေခြင်းကြောင့်ဖြစ်သည်ဟု ဟီလာရီက ပြောကြားလိုက်သည်။ ဟီလာရီထက် လောလောဆယ် ရှေ့ရောက်နေသူ အိုဘားမားကလည်းစွပ်စွဲချက်မှာ မမှန်ကန်ကြောင်း တုံ့ပြန်ပြောကြားလိုက်သည်။