နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် Mr.Ibrahim Agboola Gambari တို့သည် ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့ ငါးထပ်ဆောင်ဧည့်ရိပ်သာ၌ တွေ့ဆုံကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့ ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းနှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဦးဉာဏ်ဝင်းနှင့် ယဉ်ကျေးမှုဝန်ကြီး၏ဌာန ဝန်ကြီး ဗိုလ်ချုပ်ခင်အောင်မြင့်တို့ တက်ရောက်ကြသည်။
ထို့နောက် Mr. Gambari သည် နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်နှင့် လည်းကောင်း၊ နံနက်၁၁နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာကျော်မြင့်နှင့်လည်းကောင်း၊ မွန်းလွဲ ၁ နာရီခွဲတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကောင်မရှင်အဖွဲ့ဝင် ဦးသောင်ညွန့်နှင့် အဖွဲ့ဝင်များနှင့်လည်းကောင်း၊ မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းနှင့် အဖွဲ့ဝင်များနှင့် လည်းကောင်း၊ ညနေ ၄ နာရီ ၁၀ မိနစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံ ယာယီတာဝန်ခံများ၊ တာဝန်ရှိသူများနှင့်လည်းကောင်း စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာ၌ သီးခြားစီ တွေ့ဆုံသည်။
ညပိုင်းတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ပြောရေးဆိုခွင့်အာဏာပိုင် အဖွဲ့ ခေါင်ဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက Mr. Gambari အား မြရိပ်ညိုရွိုင်ရယ် ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။