Wednesday, March 12, 2008

ပါကစ္စတန် ၀န်ကြီးချုပ်ရာထူး ပီပီပီပါတီ ရွေးချယ်မည်

ဘာနာဇီယာဘူတို၏ ခင်ပွန်းဖြစ်သူသည် ပါကစ္စတန်သမ္မတ ပါဗက်ဇ်မူရှာရက်ဖ်ကို ဖိအားပေးနိုင်သည့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် သဘောတူညီလိုက်ပြီးနောက် ၀န်ကြီးချုပ်ရာထူးနေရာအတွက် မတ်၁၀ရက်က ပီပီပီပါတီခေါင်းဆောင်များနှင့်ဆွေးနွေးလျှက်ရှိသည်။ ၂၀၀၇ခုနှစ် ဒီဇင်ဘာလက ဘူတိုလုပ်ကြံခံရပြီးနောက် ခင်ပွန်းဖြစ်သူ အဆစ်အလီ ဇာဒါရီသည် ပီပီပီ၏ ခေါင်းဆာင်ဖြစ်လာသည်။
ဇဒါရီနှင့်နာဝပ်ရှရစ်သည် ဖေဖော်ဝါရီ၁၈ရက် ရွေးကောက်ပွဲတွင် မဲအများဆုံးဖြင့် အနိုင်ရသော ပီပီပီပါတီက ၀န်ကြီးချုပ်ရာထူးနေရာအတွက်ရွေးချယ်ရန် သဘောတူညီထားသည်။

No comments: