ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် နိုင်ငံခြားတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံရန် စီစဉ်နေသည်ဆိုခြင်းသည် မဟုတ်မမှန်ကြောင်း ထိုင်း ဒုတိယ၀န်ကြီးချုပ်နှင့် ပညာရေးဝန်ကြီး ဆွန်ချိုင်းဝေါင်ဆာဝပ်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ လွှတ်တော်အမတ်ဟောင်း ပရာဆောင်ဆွန်ဆီရိက သက်ဆင်သည် မတ် ၁၃ရက်တွင် အင်္ဂလန်နိုင်ငံသို့ ထွက်ခွာရန် တရားရုံးချုပ်မှ ခွင့်ပြုမိန့်တောင်းခံခြင်းအားဖြင့် နိုင်ငံခြားတွင် နိုင်ငံရေးခိုလှုံခွင့်တောင်းခံရန် လမ်းကြောင်းရှာနေသည်ဟု ပြောသည်။ ၄င်း၏ ပြောကြားချက်ကို ဒုဝန်ကြီးချုပ်က တုံ့ပြန်ခြင်းဖြစ်သည်။ သက်ဆင်သည် အဝေးသို့ ထွက်ပြေးရန် အကြောင်းမရှိကြောင်း၊ ၄င်းအား စွပ်စွဲထားသည့် လာဘ်စားသည်ဆိုသော အမှုကို ရင်ဆိုင်ဖြေရှင်းရန် ပြန်လာခြင်းဖြစ်ကြောင်း ဒုတိယ၀န်ကြီးချုပ်က ရှင်းလင်း ပြောကြားသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment