Wednesday, March 12, 2008

အမျိုးသားလွှတ်တော်နှင့်ပြည်နယ်လွှတ်တော်အစည်းအဝေးများ..........................

ပါကစ္စတန်သမ္မတ မူရှာရက်ဖ်က အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများကို မတ် ၁၇ရက် ကျင်းပရန် ဆင့်ခေါ်လိုက်ကြောင်း ပါကစ္စတန်ရုပ်မြင်သံကြားက မတ်၁၂ရက်တွင် ကြေညာသည်။ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် ပထမအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးနှင့် ပြည်နယ်လွှတ်တော်အစည်းအဝေးများ ကျင်းပရေး အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်က ပေးပို့သည့် အစီအစဉ်ကို သမ္မတ မူရှာရက်ဖ်က လက်မှတ်ထိုးလိုက်ကြောင်း ရုပ်မြင်သံကြားကြေညာချက်၌ ဖော်ပြသည်။ ပါကစ္စတန် နိုင်ငံ၏ အဓိကပါတီကြီးနှစ်ရပ် ဖြစ်သော ပါကစ္စတန်ပြည်သူ့ပါတီ(ပီပီပီ) နှင့် ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ် နာဝပ်ရှရစ် (ပီအမ်အယ်လ်-အင်န်)တို့က အစိုးရသစ် ဖွဲ့စည်းသည့် ပူးတွဲကြေညာချက်ကို မတ် ၁၀ရက်က လက်မှတ်ရေးထိုးကြသည်။ ပါတီကြီးနှစ်ရပ်က ဗဟိုအစိုးရ နှင့် ပန်ဂျပ်ပြည်နယ်အစိုးရ ဖွဲ့စည်းရန် သဘောတူကြပြီး အမျိုးသားလွှတ်တော် ပထမအကြိမ် အစည်းအဝေးကို အမြန်ဆုံး ခေါ်ယူရန် အာဏာပိုင်များအား တိုက်တွန်းလိုက်သည်။

No comments: